the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ရန်ကုန် တိုင်းရင်းဆေးဝါးစက်ရုံတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှ

၂၆-၉-၂၀၂၂ နေပြည်တော်

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းရင်းဆေးဝါးစက်ရုံတို့သို့ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်ရှိ အစည်းအဝေးခန်းမ၌ (၂၄.၉.၂၀၂၂) ရက်နေ့ နံနက် (၈:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်၊ ခုတင် ၁၀၀ ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို၊  ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး၊ ခုတင် ၁၀၀ ဆံ့ ရန်ကုန်တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ်၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဆရာ/ ဆရာမများ သူနာပြုဆရာမကြီးတို့နှင့်တွေ့ဆုံ၍ မိတ်ဆက်စကား ပြောကြားပါသည်။ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုမှ ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံရှိ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လူနာကုသမှုူ အခြေအနေတို့ကို အကျဉ်းချုပ်တင်ပြခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်မှ အလုပ်ဟူသည်“ဂုဏ်”ဟုခံယူထားသည့်အတွက် မိမိတို့ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းတာဝန်များကို မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပါက အမြဲတမ်းဂုဏ်ရှိနေမည်ဖြစ်ကြောင်း အသိပေး ပြောကြားပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ပြီး  စည်းလုံးညီညွှတ်စွာဖြင့် လုပ်ငန်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တစ်စိတ်တစ်ဝမ်းတည်းစိတ်ကိုမွေးမြူ၍ အမြဲတမ်းတက်ကြွစွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာရပ်များကို စဉ်ဆက်မပြတ်သင်ကြားရေးကို အလေးပေး ဆောင်ရွက်သွားကြရန်နှင့် တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုကို ကောင်းမွန်စွာစောင့်ရှောက်ပေးနိုင်ရန် အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

ထို့နောက် စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်ဆောင်ရွက်သည့် အခြေအနေများ၊ ဆေးရုံ၌ စာကြည့်တိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကုသရေးဌာနခွဲများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

          ယင်းနောက် အတွင်းလူနာကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသနေသော လူနာတစ်ဦးချင်းစီအား ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းကာ အားပေးစကားပြောကြားခဲ့ပြီး၊ နံနက် (၁၀:၀၀)နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ပြန်လည်ထွက်ခွာပါသည်။ ဆက်လက်၍ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်း၊ ခြံအမှတ် (၁၀၀)ရှိ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး နှင့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါကြောင်း သတင်းရရှိပါသည်။         

         

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ