မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်း၌ ၂၉-၅-၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးအထူးကုဆေးအဖွဲ့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူး (ကုသရေး) ၊ ပြည်နယ်တိုင်းရင်းဆေး ဦးစီးဌာနမှူး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းဆရာ/ဆရာမများ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာဦးရေ(၆၇)ဦး ကိုကုသမှုပေးခဲ့ပါသည်။
ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်း ဖွင့်ပွဲကို (၁၆-၅-၂၀၂၃) (အင်္ဂါနေ့)တွင် အမျိုးသားပရဆေးဥယျာဉ်၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသိရှိရပြီး အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္က္ဌဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ပြည်နယ်(၈)ခုရှိ ပုဂ္ဂလိက တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း(၃၅)ခုတို့မှ လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီးပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများ တိုင်းရင်းဆေးတက္ကသိုလ်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ ဝန်ထမ်းသင်တန်းသားများ အပါအဝင် သင်တန်းသားများ တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ၂၀၂၃ အား ကြိုဆိုဂုဏ်ပြု
Thu , Mar 09 2023 - 08 amမြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ 2023 အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ကွင်းဆင်း ဆေးကုသရေးအဖွဲ့ က 8.3.2023တွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ၊ အထက်ခမတ်စံပြကျေးရွာတွင် ပြည်သူ ၂၄၂ ဦး အား အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ကြသည်။