the republic of the union of myanmar

ministry of health

Department of Traditional Medicine

News

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ နွန်သဘူရီတွင် ကျင်းပသည့် တိုင်းရင်းဆေးပညာဆိုင်ရာ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေး (The Fifth Meeting of the BIMSTEC Task Force on Traditional Medicine (BTFTM))  နှင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်နည်းစနစ်များနှင့် ပတ်သက်၍ အကောင်းဆုံးအလေ့အကျင့်ဆိုင်ရာ စာတမ်းဖတ်ပွဲ (The Symposium on Best Practice in Traditional Medicine Systems of BIMSTEC Member States) သို့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။ အစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံ များ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာဦးစီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၃-၆-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၇)၌ ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ တိုင်းရင်းဆေး တက္ကသိုလ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး များ၊ စက်ရုံမှူး၊ တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ လူကိုယ်တိုင်မတက်ရောက်နိုင်သူများမှ online virtual meeting ဖြင့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ “တိုင်းရင်းဆေးပညာဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းများ ပို့ချနိုင်ရန်သင်တန်း “Training Of Trainers (TOT)” ဖွင့်ပွဲအခမ်းအနားကို ရုံးအမှတ်(၄၇)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ နေပြည်တော်၌ ၂၃-၆-၂၀၂၃ ရက်နေ့ နေ့လယ်ပိုင်းကကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများ၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ မှ ဆေးရုံအုပ်ကြီးများ၊ စက်ရုံမှူး၊ တိုင်းရင်းဆေးဝါး စက်ရုံ(မန္တလေး)တို့မှ တာဝန်ရှိသူများက In Person & Virtual  ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့ (၂၀-၆-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၄၇)၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီဥက္ကဌ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစုစုဒွေးနှင့်

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ