the republic of the union of myanmar

ministry of health

Department of Traditional Medicine

Training Workshop on Research Methodology, Research Ethics and Clinical Trial သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌-

  • ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သော ကျန်းမာရေးအသိပညာ မြှင့်တင်ရေး လုပ်ငန်းများအနက် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးရာတွင် တိုင်းရင်းဆေး ပညာကဏ္ဍသည်လည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ရာ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ Quality Care ဖြစ်ရန်အတွက် ဆေးပညာသင်ကြားရေးကဏ္ဍ၊ ကုသရေး ကဏ္ဍ၊ တိုင်းရင်းဆေးဝါးကဏ္ဍ၊ သုတေသနနှင့်ဖွံ့ဖြိုးရေးကဏ္ဍစသည့် ကဏ္ဍ ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ တက်ညီလက်ညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
  • တိုင်းရင်းဆေးပညာဦးစီးဌာနအနေနဲ့ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်း၍ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးကို အများပြည်သူသုံးစွဲနိုင်ရန်၊ တိုင်းရင်းဆေးဖြင့် ကာကွယ်ကုသဝန်ဆောင်မှုပေးနိုင်ရန်၊ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းဆေးဆရာ မျိုးဆက်သစ်များအနေဖြင့် သုတေသနလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် ယနေ့သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊
  • တိုင်းရင်းဆေးဆရာ၊ ဆရာမများအနေဖြင့် သုတေသန လုပ်ထုံးလုပ်နည်းများနှင့် သုတေသန ကျင့်ဝတ်များကို သိရှိလိုက်နာ ဆောင်ရွက်ဖို့ လိုအပ်သလို သုတေသနအဆိုပြုလွှာ (Research Protocol) များ၊ သုတေသနစာတမ်း (Research Paper) များကို စနစ်တကျ ရေးသား တတ်ရန် လိုအပ်ပါကြောင်း၊
  • ဒါမှသာ လက်ရှိအသုံးပြုနေသော တိုင်းရင်းဆေးကုထုံးနည်းစနစ်များနှင့် တိုင်းရင်းဆေးဝါးများကို  Experience Based Medicine မှ Evidence Based Medicine ဖြစ်ဖို့ ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊
  • ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ်အဖြစ် Training on Research Methodology ၊ ၂၀၂၁ ခုနှစ်တွင် Online စနစ်နှင့့်် ဒုတိယအကြိမ်အဖြစ် Training on Research Methodology, Research Ethic & Clinical Trial၊ ယခု ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ်အဖြစ် Training on Research Methodology, Research Ethic & Clinical Trial ကျင်းပခြင်း ဖြစ်ပါကြောင်း၊
  • သင်တန်းဆရာ၊ ဆရာမများအနေဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းရင်းဆေး တက္ကသိုလ်မှ သုတေသနအတွေ့အကြုံရှိ ဆရာ၊ ဆရာမများ သင်ကြားပို့ချမှာ ဖြစ်ပါကြောင်း၊
  • ဒါ့အပြင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သုတေသနယဉ်ကျေးမှု ထွန်းကား လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများကို နှစ်စဉ်ကျင်းပလာခဲ့ရာ (၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ တိုင်းရင်းဆေးတက္ကသိုလ်မှာ ကျင်းပခဲ့ပြီး စာတမ်းပေါင်း (၂၆) စောင်နှင့် ပိုစတာ (၈) စောင် တင်သွင်း ဖတ်ကြားနိုင်ခဲ့ပါကြောင်း၊ 
  • ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ခြင်းဆိုင်ရာသုတေသန (IR Grant (Implementation Research Grant)) များကို  ပံ့ပိုးပေးလျက်ရှိပါကြောင်း၊
  • သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခု သင်တန်းကနေ သုတေသနနည်းစနစ်များနှင့် ဆေးလက်တွေ့ သုတေသနများ (Clinical Trial) ပြုလုပ်ဆောင်ရွက်ရာတွင် လိုက်နာရမည့် သုတေ သနကျင့်ဝတ် (Research Ethic) ဆိုင်ရာ အသိပညာဗဟုသုတများနှင့် Research Protocol ရေးနည်း၊ Research paper ရေးနည်းများကို သိရှိနားလည် သဘောပေါက်ပြီး လက်တွေ့ အသုံးချ နိုင်မည်ဟု   ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကာ အခမ်းအနားပြီးမြောက်ပါသည်။

အခမ်းအနားအပြီးတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ ဧည့်သည်တော်များ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများသည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့ မှ (၂၁)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းဆေးရုံများနှင့်ဆေးကုဌာနများ၊ တိုင်ရင်းဆေးဝါးစက်ရုံတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်းသတင်း

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ