the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်တွင် အခြေခံတရုတ်စကားပြောသင်တန်းဖွင့်

တိုင်းရင်းဆေးတက္ကသိုလ်နှင့် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း(FITC)တို့ ပူးပေါင်း၍ အခြေခံတရုတ်စကားပြောသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နေ့လယ် ၁၂:၀၀ အချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းနှင့် ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးမြို့ရှိ တရုတ်ဘုံကျောင်း ဥက္ကဌများ၊ မော်ကွန်းထိန်းနှင့် ကထိက/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မိမိတို့ တက္ကသိုလ်တွင် ယခုမှ စတင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွါးခင်ထိ အပတ်စဉ်များစွာဖွင့်လှစ်ပေးခဲ့ဘူးကြောင်း၊ အင်္ဂလိပ်စကား၊ တရုတ်စကားစသည့် နိုင်ငံတကာသုံး ဘာသာစကားများ တတ်မြောက်ထားခြင်းဖြင့် မိမိတို့ တိုင်းရင်းဆေးပညာကို ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်သလို တရုတ်နိုင်ငံတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက်သင်ယူနိုင်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း FITC ကျောင်း၏ ဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး ဒေါက်တာဆက်တီက တိုင်းရင်းဆေးတက္ကသိုလ်နှင့် ၎င်းတို့ကျောင်း၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်း၊ သင်တန်းဆင်းတိုင်းရင်းဆေးဆရာများ၏ အောင်မြင်မှုများကို အသေးစိတ်ပြောကြားရှင်းလင်းခဲ့ပါသည်။

ထို့နောက် သင်တန်းဆရာမ ဒေါ်စန်းစန်းဝင်းက သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံ တရုတ်စကားပြောသင်တန်းကို သင်တန်းသား/ကျောင်းသူ ၁၃၇ ဦးဖြင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း အောက်တိုဘာလလယ်ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်