the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ် ကျိုင်းတုံတိုင်းရင်းဆေးရုံတွင် CTMEအခမ်းအနား

ကျိုင်းတုံတိုင်းရင်းဆေးရုံတွင် ၁၂.၉.၂၀၂၅ရက်နေ့ နေ့လယ် (၁း၀၀)နာရီတွင် CTMEအခမ်းအနား ကျင်းပရာ အစီအစဉ်အပိုင်း(၁)တွင်   သဘာပတိအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း အစိုးရအဖွဲ့ခွဲ အဖွဲ့ဝင်(၂)၊ ဦးမင်းညို အာခါတိုင်းရင်းသားရေးရာ အကြီးအကဲ၊ ကျိုင်းတုံမြို့နှင့် ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ  ဦးနိုးဝေ တို့က ဆောင်ရွက်ပါသည်။

ဒုတိယပိုင်းအခမ်းအနားတွင် သဘာပတိများအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ ငြိမ်း) ဦးတင့်လွင်နှင့် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဦးကြည်ဝင်း တို့မှ ဆောင်ရွက်ကာ အခမ်းအနားမှူးအဖြစ် တာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာန လ၊ထတိုင်းရင်းဆေးမှူး ဒေါ်စုစန္ဒာထွန်းနွဲ့ မှ ဆောင်ရွက်ပါသည်။

အခမ်းအနားတွင် အနာ့ပဆုပ်ရောဂါစာတမ်းအား မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်မှ ဖတ်ကြားပြီး ကျိုင်းတုံခရိုင်၊ မြို့နယ်၊ တာချီလိတ်ခရိုင်၊မြို့နယ်တို့မှ ဆရာ၊ဆရာမများ၊ တိုင်းရင်းဆေး ဆရာအသင်းမှ ဆရာ ဆရာမများ ကျိုင်းတုံဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်နှင့်ဝန်ထမ်းများ စိတ်ပါဝင်စားသူများ (၅၃)ဦး တက်ရောက်ကာ စာတမ်းရှင်အား ဦးဇော်လင်း+ဒေါ်နော်ခမ်းချစ် လင်းသုခတိုင်းရင်းဆေးခန်းနှင့် ဆေးတိုက်မိသားစုမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ