အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသန်းညွှန့်က ဆောင်ရွက်ပြီး အခမ်းအနားမှူးများအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မူယာဝင်း နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နန်းမွန်အေး တို့မှ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ (နေပြည်တော်)မှ ဒုတိယ တိုင်းရင်းဆေးမှူး စာတမ်းရှင် ဒေါ်ထူးထူးအောင်က “ဝမ်းပျက်ဝမ်းလျှောရောဂါ” အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ တိုင်းရင်းဆေးဆရာဦးရေ (၆၀)ဦး တက်ရောက်ပြီး ညနေ(၄:၀၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။