the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းကောင်စီ နာယက ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဆရာကြီးဉီးမြင့်ဉီးနှင့် အလုပ်အမှုဆောင်များ၊   မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) ဥက္ကဌ ဆရာကြီးဦးစိုးဝင်း၊ တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဗဟို အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်ဦး(ဂရိတ်ဝေါ)နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ သင်တန်းသား/သင်တန်းသူ တိုင်းရင်းဆေးဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားပါသည်။

ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းတွင် ဆီးချို၊ သွေးတိုး၊ အဆစ်ရောင် ရောဂါများကို တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ငြိမ်း) ပါမောက္ခဦးဝင်းစိုး၊  ပါမောက္ခ/ဌာနမှူး ပါမောက္ခဌေးလွင်နှင့် ပါမောက္ခ/ဌာနမှူး ပါမောက္ခသန္တာခိုင်တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းကို သြဂုတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ တိုင်းရင်းဆေးဆရာ ဆရာ/ဆရာမတို့ တက်ရောက်ကြကြောင်း သတင်း ရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ