တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဘုံကထိန် ကျင်းပ
Thu , Nov 16 2023 - 10 amကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)၊ နေပြည်တော်တွင် ယနေ့ နံနက် (၁၀:၀၀) နာရီက တိုင်းရင်းဆေးပညာဦးစီးဌာန စုပေါင်းဘုံကထိန် အခမ်းအနားကို ကျင်းပပြုလုပ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်သို့ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင် အပင်စာအုပ် ၆၅ အုပ် အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့် ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်အား လှူဒါန်းခဲ့ရာ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vinary Kumar မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ(ကျုံပျော်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၂၃-၉-၂၀၂၃)ရက် စနေနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၁၄) ရက် မွန်းလွဲပိုင်းတွင် တရုတ်-အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဖန်ချန်းကန်မြို့ရှိ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီပွားရေးဇုန် တည်ထောင်ဖွင့်လှစ်ထားရှိမှု အထိမ်းအမှတ်ပြခန်းကို သွားရောက်လေ့လာကြပါသည်။