တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်ပါဝင်သည့်အဖွဲ့သည် (၂-၁-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (အေးသာယာ) သို့သွားရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် လမ်းညွှန်မှုပေးခဲ့ပြီး ဒေသအခြေအနေအရ ရှမ်းပြည်နယ်၊ တောင်ကြီးသို့ ရောက်ရှိနေသော ကယားပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ယင်းနောက် ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (အေးသာယာ)၌ ဆေးကုသမှု ခံယူနေသော လူနာများကို ကြည့်ရှု အားပေးကာ အာဟာရအလို့ငှာ ကြက်ဉများ လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။