တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် ၂၀၂၃ ဩဂုတ် ၂၇၊၂၈ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မြို့နယ် တိုင်းရင်းဆေးကုဌာနများ (ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အလုံမြို့နယ်) ခရိုင် တိုင်းရင်းဆေးကုခန်းများနှင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကတိုင်းရင်းဆေးဝါးစက်ရုံအချို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ Training Workshop on Research Methodology, Research Ethics and Clinical Trial သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၁၆-၈-၂၀၂၃)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၉)နာရီက နေပြည်တော် အမျိုးသား ပရဆေးဥယျာဉ် အတွင်းရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တိုင်းရင်းဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဌနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်း ဆရာ၊ ဆရာမများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီတို့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပူးပေါင်းဖွင့်လှစ်သော တိုင်းရင်းဆေးဆရာများ၏ ဆေးကုသမှုစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း သင်တန်းဖွင့်ပွဲကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
(၁၂) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Tue , Aug 08 2023 - 06 am(၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ကျင်းပရာ အခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ အိန္ဒိယနိုင်ငံမှ အထူးဖိတ်ကြားထားသော အာယုဗ္ဗေဒဆေးပညာ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Dr. Manoj Nesari, Advisor of Ayurveda, Ministry of Ayush, Government of India၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်သည်။