the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ(ကျုံပျော်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာစုစုဒွေးက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးတို့အား ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာစုစုဒွေးနှင့်ဧည့်သည်တော်များက ဖွင့်ပွဲကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၀င်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဧည့်သည်တော်များတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု့၍ လူနာများအား ထောက်ပံ့ပစ္စည်း များ ပေးအပ်လှူဒါန်းသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး၀န်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးဌာန၀န်ကြီး လူမှု့ရေးဝန်ကြီးနှင့်အဖွဲ့၀င်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်ညွှန်ကြားရေးမှူး (ကုသရေး)၊ မြို့မိမြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း၀င်များ၊ တိုင်း ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဧရာ၀တီတိုင်း ဒေသကြီးတိုင်းရင်းဆေး ပညာဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ပြီး အခမ်းအနားအပြီးတွင် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကြကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့