အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံရုံး သံအမတ်ကြီး Mr. Vinary Kumar က စာအုပ်များလှူဒါန်းသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြား၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုင်းရင်းဆေးကဏ္ဍ အပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆွေးနွေးပြောကြားပြီး ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား တိုင်းရင်းဆေးကဏ္ဍအပါအဝင် ကျန်းမာရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဆွေးနွေးပြောကြားပြီး ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ပိုမိုသိနားလည်မှုကို တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကျန်းမာရေးကဏ္ဍတွင် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ Oxygen plant နှင့် ဆေးပစ္စည်းများကို လှူဒါန်းခဲ့သည့်အပြင် မိုခါဆိုင်ကလုန်းသဘာဝဘေးအန္တရာယ် ကာလတွင်လည်း အရေးပေါ် အစားအသောက်ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲသို့ တိုင်းရင်းဆေးဝါးဆိုင်ရာ စာအုပ်များလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ တိုင်းရင်းဆေးပညာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်လှူဒါန်းပစ္စည်းများကို အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်း ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို ပြန်လည်ပေးအပ်ကာ အမှတ်တရ ဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုပြီး အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ တိုင်းရင်းဆေးတက္ကသိုလ်၏ e-Library ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် တိုင်းရင်းဆေး တက္ကသိုလ်ပြခန်းတို့ကို လှည့်လည်ကြည့်ရှု့၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။