the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဘုံကထိန် ကျင်းပ

ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲတွင် ပေါင်းလောင်း (၂၄)လမ်း၊ သုခဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ရှိ သဒ္ဓမ္မဝံသ ကံလှကျောင်းတိုက်၊ ဆရာတော်ဦးခမာဝုဓ ထံမှ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ဝန်ထမ်းမိသားစုများ၊ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော် ချီးမြှင့်ခြင်းကို နာယူခဲ့ ကြပါသည်။

ထို့နောက် ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်းများ၊ ငွေပဒေသာပင်တန်ဖိုး (ကျပ်ခုနှစ်ဆယ့်သုံးသိန်း တစ်သောင်းတိတိ) ၇၃၁၀၀၀၀/- နှင့် ပစ္စည်းပဒေသာပင်တန်ဖိုး (ကျပ်နှစ်ဆယ့်ငါးသိန်းတိတိ) ၂၅၀၀၀၀၀/-အား ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းကြပြီး အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ဝန်ထမ်းမိသားစုများက ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်သည်တော်များနှင့်ဝန်ထမ်းမိသားစုများအား နေ့လယ် စာဖြင့် တည်းခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်းသိရှိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း