the republic of the union of myanmar

ministry of health

Department of Traditional Medicine

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည်  ၁၄-၆-၂၀၂၃ ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး  ကျန်းမာရေးဝန်ထမ်းများအားလုံးကို လမ်းညွှန်ခဲ့သည်မှာ မကြာမီ ဆေးရုံများနှင့် ဝန်ထမ်းအိမ်ရာများသို့ နိုင်ငံတော်အစိုးရမှ (၂၄)နာရီ လျှပ်စစ်မီးများ ဆက်သွယ်ပေးတော့မည် ဖြစ်ပါကြောင်း၊ ထိုသို့ လျှပ်စစ်မီးများဆက်သွယ်ရာတွင် ပြတ်တောက်နေသော လျှပ်စစ် မီးကြိုးများမှ ဓာတ်လိုက်နိုင်သော အန္တရာယ်ရှိသောကြောင့် ဝန်ထမ်းများအန္တရာယ် မဖြစ်စေရန် ဂရုစိုက်ပေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် နံနက်(၁၁:၀၀)နာရီတွင် နိုင်ငံတော်ကောင်စီဝင် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ၍ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန၏ ပျက်စီးသွားသော အဆောက်အဦ (တိုင်းရင်းဆေးအဆောက်အဦအပါ) ဗီနိုင်းကားချပ်ဖြင့် ရှင်းလင်း ပြသခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ခုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံတွင် ဆန်များထောက်ပံ့ခဲ့ပြီး ခုတင် (၅၀)ဆံ့ စစ်တွေမြို့ တိုင်းရင်းဆေးရုံသို့ လှည့်လည် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သိရှိရပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း