မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဒေသန္တရဆေးပေးခန်း၌ ၂၉-၅-၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးအထူးကုဆေးအဖွဲ့နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူး (ကုသရေး) ၊ ပြည်နယ်တိုင်းရင်းဆေး ဦးစီးဌာနမှူး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ်နှင့် ဝန်ထမ်းဆရာ/ဆရာမများ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာဦးရေ(၆၇)ဦး ကိုကုသမှုပေးခဲ့ပါသည်။
အဆိုပါ ဆေးကုသမှု ဆောင်ရွက်နေစဥ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့ လာရောက် ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးပေးခန်းသို့လာရောက်၍ ဝိသမအဖျားပျောက်ဆေးကို စိတ်ဝင်တစားကြည့်ရှုမေးမြန်းကာ အစားအသောက်များဝေငှပေးခဲ့ပါကြောင်း သိရှိရပါသည်။