the republic of the union of myanmar

ministry of health

Department of Traditional Medicine

CTME

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူး ကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (C T M E)အခမ်းအနားကို ၁၉-၉-၂၀၂၃ ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီဦးမြင့်ဝေ မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်း ကဆောင်ရွက်ခဲ့ပြီး      လက်ကပ်ရောဂါစာတမ်းကို မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်းဆေးကုဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးမှ ဖတ်ကြား၍ တက်ရောက်လာ‌သောဆရာ/ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃း၀၀) နာရီ အချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ စဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် (CTME) အခမ်းအနားကိုပြုလုပ်ရာ သဘာပတိအဖြစ် ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးမှ ဆောင်ရွက်ကာ လက်ကပ်ရောဂါစာတမ်းအား ရွှေကျင်မြို့နယ် တိုင်းရင်းဆေးမှုး ကိုယ်စား ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ခင်ထွန်းဦးမှ ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့  တက်ရောက်သူ ဦးရေမှာ (၁၅) ဦး ရှိပါကြောင်း သိရှိရသည်။

 

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်း​ဆေးဆရာအသင်း မ​ကွေးတိုင်း​ဒေသကြီး တိုင်ရင်း​ဆေးဆရာအသင်းခွဲ၊ ဥက္ကဋ္ဌ ဒေါ်တင်တင်​အောင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ်  ​ မ​ကွေး မြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ လ/ထ တိုင်းရင်း​​ဆေးမှူး ဒေါ်စန္ဒာဝင်းနှင့်လ/ထတိုင်းရင်​ဆေးမှူး ဒေါ်သက်ခိုင်ဝင်း ဆောင်ရွက်ကြကာ မ​ကွေးမြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ  ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​စောပြည့်မွန်က လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ မ​​ကွေးမြို့  ခုတင်(၅၀) ဆံ့ တိုင်ရင်း​ဆေးရုံ၊  ပခုက္ကူမြို့ ( ၂၅)   ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၊  မ​ကွေး ၊ မင်းဘူး၊ မင်းလှ၊ ​​ရေနံ​ချောင်း၊ ​ချောက်၊ ​အောင်လံ၊ စလင်း၊ ပွင့်ဖြူ၊ ဆင်​ပေါင်ဝဲ၊ မိ​ချောင်းရဲ၊ မြို့သစ်၊ နတ်​မောက်၊​တောင်တွင်းကြီးမှ မြို့နယ်​တိုင်းရင်း​ဆေးကုဌာနများ၊ သရက်၊ ပခုက္ကူ ၊ မ​ကွေး၊ မင်းဘူး မှ ခရိုင်တိုင်းရင်း​ဆေးကုဌာနများ၊ တိုင်းရင်း​ဆေးဆရာအသင်းဆရာ/ဆရာမများက ဆွေး​နွေး​ခဲ့ကြပြီး တက်ရောက်သူ စုစု​ပေါင်း(၄၅) ဦး တက်​ရောက်ပြီး အခမ်းအနားကို နံနက်(၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

 

 

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ နံနက် (၀၉:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း