တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး မကွေးမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ် (၂၀၂)၌ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၁၁၃) ကြိမ် မြောက် CTME စာတမ်းဖတ်ပွဲအခမ်းအနားကို (၁၇-၂-၂၀၂၄)ရက်နေ့ နံနက် (၉:၀၀) တွင်ကျင်းပခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME အခမ်းအနားကို (၃၀.၁၁.၂၀၂၃)ရက်နေ့တွင် မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်းနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ CTME အခမ်းအနားကိုကျင်းပခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ နေ့လယ် (၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စဥ်ဆက်မပြတ်တိုင်းရင်းပညာပေးရေး အစီအစဥ် (CTME) အခမ်းအနားကို {၂၂-၁၁-၂၀၂၃) ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံ ပုသိမ်မြို့၌ ကျင်းပခဲ့ပါသည်။