၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက် မနက် ၁၀:၀၀ နာရီတွင် ခုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်က တနင်္သာရီတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ မြိတ် တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ခဲ့ပါသည်။ ထိပ်ကပ်နာအကြောင်း စာတမ်းကို မြိတ်ခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာန ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာကြူက ဖတ်ကြားတင်ပြကာ စိတ်ပါဝင်စားသူများမှ ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို စုစုပေါင်းတက်ရောက်သူ (၁၀)ဦးရှိပြီး နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်၊ နံနက်(၁၀:၀၀) နာရီက ပဲခူးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education Programme (CTME) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်၊ နံနက် (၀၉း၀၀) နာရီက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး (ငြိမ်း) ဆရာကြီး ဦးဝင်းမြင့်ဦးက သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် မြို့သစ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ယမင်းသိန်းနှင့် ပေါက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်သိင်္ဂီဝင်း တို့ကဆောင်ရွက်ကာ တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့် က ထိပ်ကပ်နာရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် နေ့လယ် (၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာ ပေးရေး အစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာကြီး ဦးဝင်းမြင့်ဦးက ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်း ရင်းဆေးရုံ၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းမိုး နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးအောင်တို့က ဆောင်ရွက်ခဲ့ပါသည်။