တိုင်းရင်းဆေးပညာစဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ်(CTME)အခမ်းအနားကို မကွေးတိုင်းဒေသကြီး မကွေးမြို့ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ (၂၀-၅-၂၀၂၃)ရက်နေ့နံနက်(၉း၀၀)နာရီတွင်ကျင်းပခဲ့ပါသည်။
ကရင်ပြည်နယ် ခုတင်(၅၀)ဆံ့ ဘားအံ့တိုင်းရင်းဆေးရုံမှ ၂၉-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ ပါသည်။
နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ၂၃-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါ စာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ရက် နေ့လယ် (၂ : ၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိများအဖြစ် တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ဆရာကြီး ဦးတင်သိန်းနှင့် အလုပ်အမှု့ဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီး မှ ဆရာကြီး ဦးသိန်းဇော် တို့က ဆောင်ရွက်ကာ အခမ်းအနားမှူးများ အဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးရန်ကုန်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နှင်းအိအိဖြူ နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေကေခိုင်ဦး တို့ကဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ ၁၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME သွေးတိုးရောဂါစာတမ်း ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။