the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး ခုတင်(၅၀)ဆံ့ မကွေးတိုင်းရင်းဆေးရုံ၌ လက်ကပ်ရောဂါ ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme ကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်း​ဆေးဆရာအသင်း မ​ကွေးတိုင်း​ဒေသကြီး တိုင်ရင်း​ဆေးဆရာအသင်းခွဲ၊ ဥက္ကဋ္ဌ ဒေါ်တင်တင်​အောင်မှ သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ်  ​ မ​ကွေး မြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ လ/ထ တိုင်းရင်း​​ဆေးမှူး ဒေါ်စန္ဒာဝင်းနှင့်လ/ထတိုင်းရင်​ဆေးမှူး ဒေါ်သက်ခိုင်ဝင်း ဆောင်ရွက်ကြကာ မ​ကွေးမြို့ ခုတင်(၅၀) ဆံ့တိုင်းရင်း​ဆေးရုံမှ  ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​စောပြည့်မွန်က လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ မ​​ကွေးမြို့  ခုတင်(၅၀) ဆံ့ တိုင်ရင်း​ဆေးရုံ၊  ပခုက္ကူမြို့ ( ၂၅)   ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၊  မ​ကွေး ၊ မင်းဘူး၊ မင်းလှ၊ ​​ရေနံ​ချောင်း၊ ​ချောက်၊ ​အောင်လံ၊ စလင်း၊ ပွင့်ဖြူ၊ ဆင်​ပေါင်ဝဲ၊ မိ​ချောင်းရဲ၊ မြို့သစ်၊ နတ်​မောက်၊​တောင်တွင်းကြီးမှ မြို့နယ်​တိုင်းရင်း​ဆေးကုဌာနများ၊ သရက်၊ ပခုက္ကူ ၊ မ​ကွေး၊ မင်းဘူး မှ ခရိုင်တိုင်းရင်း​ဆေးကုဌာနများ၊ တိုင်းရင်း​ဆေးဆရာအသင်းဆရာ/ဆရာမများက ဆွေး​နွေး​ခဲ့ကြပြီး တက်ရောက်သူ စုစု​ပေါင်း(၄၅) ဦး တက်​ရောက်ပြီး အခမ်းအနားကို နံနက်(၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။     

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ