the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ စဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် (CTME) အခမ်းအနားကိုကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်တိုင်းရင်းဆေးရုံ၌ စဥ်ဆက်မပြတ် ပညာပေးရေးအစီအစဥ် (CTME) အခမ်းအနားကိုပြုလုပ်ရာ သဘာပတိအဖြစ် ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှုးအဖြစ် အကြီးတန်းစာရေး ဒေါ်ခိုင်သဇင်ဦးမှ ဆောင်ရွက်ကာ လက်ကပ်ရောဂါစာတမ်းအား ရွှေကျင်မြို့နယ် တိုင်းရင်းဆေးမှုး ကိုယ်စား ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ခင်ထွန်းဦးမှ ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့  တက်ရောက်သူ ဦးရေမှာ (၁၅) ဦး ရှိပါကြောင်း သိရှိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ