the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် “ပန်းနာရင်ကျပ်ရောဂါ” ခေါင်းစဉ်ဖြင့် CTME အခမ်းအနား ကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ နေပြည်တော်မှ အတွင်းရေးမှူး ဆရာကြီးဦးကျော်စိုး က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဦးညီညီအောင် နှင့် ဒုတိယတိုင်းရင်းဆေးမှူး ဦးဇင်မောင် တို့က ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင်      တိုင်းရင်းဆေးမှူး ဦးအောင်သူ က ပန်းနာရင်ကျပ်ရောဂါကို ကုထုံးအစဉ်ဖြင့် ကုသခြင်းအား လေ့လာတင် ပြခြင်းအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ နေပြည်တော်မှ (၁)ဦး၊ နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ နေပြည်တော်တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးဌာနမှူး(၁)ဦး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ဆရာမ(၃၂)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

          စာတမ်းတင်ပြဆွေးနွေးပေးပါသော စာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ချီးမြှင့်သော ချီးမြှင့်ငွေကျပ် (၁)သိန်းတိတိကို ဆရာကြီးဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ နေပြည်တော်မှ အတွင်းရေးမှူး ဆရာကြီး ဦးကျော်စိုးက ဆုချီးမြှင့်ခဲ့ပါသည်။

          အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုက ဦးဆောင်ပြီး ဆရာကြီး ဦးမောင်မောင်ဦး “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ  ပံ့ပိုးကူညီးကာ အခမ်းအနားကို ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ