the republic of the union of myanmar

ministry of health

Department of Traditional Medicine

တနင်္သာရီတိုင်းဒေသကြီး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME အခမ်းအနား.ပန်းနာရင်ကြပ်စာတမ်းဖြင့် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME  အခမ်းအနားကို (၃၀.၁၁.၂၀၂၃)ရက်နေ့တွင် မြိတ်ခရိုင်တိုင်းရင်းဆေးဆရာအသင်းနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ CTME အခမ်းအနားကိုကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းဗဟိုကော်မတီ အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းမှ ဆောင်ရွက်ပြီး ပန်းနာရင်ကြပ်စာတမ်းကို ပုလောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမိုးဆွေဦးမှ ဖတ်ကြားတင်ပြကာ အခမ်းအနားသို့ တက်ရောက်လာသူ(၁၁)ဦးမှ စိတ်ဝင်စားစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း