အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် ပြင်ပလူနာဌာနမှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ခင်မေလေးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ မောင်အောင်မျိုးအေး(သင်- ၂၁) နှင့် မောင်မင်းသူဟိန်း (သင်-၂၄)တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန် ကလေးရောဂါကုဌာနမှ မစန္ဒာ (သင်-၂၃)နှင့် မောင်လှိုင်မင်းဦး (သင်-၂၆)တို့မှ Blepharospasm ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၄၇)ယောက်တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ညနေ (၃ : ၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။