၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်၊ နေ့လည် (၂:၀၀)နာရီတွင် House Surgeon Trainning Clendar အစီအစဉ်အရ “Piles (လိပ်ခေါင်း)” ခေါင်းစဉ်ဖြင့် Clinical Meeting ဆေးလက်တွေ့ဆွေးနွေးခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀) ဆံ့ သင်ကြားရေးတိုင်းရင်းဆေး ရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ အလုပ်သင်ဆရာမ မထွဋ်သီရိဝေ နှင့် မနှင်းဆုရည်အောင် တို့က ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် တာဝန်ကျအလုပ်သင် ဆရာ/ဆရာမများ၏ အုပ်စုခွဲအလိုက် House Surgeon Training Clendar အစီအစဉ်အရ ဆောင်ရွက်သည့် ဆေးလက်တွေ့ဆွေးနွေးခြင်း Clinical Meeting ကို ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အထွေထွေရောဂါကုဌာနတွင် တာဝန်ကျ Group–8 မှ သင်-၂၈ မောင်ဇော်မှူးခန့် သည် “Piles (လိပ်ခေါင်း)” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ကျန်အလုပ်သင်ဆရာ/ဆရာမများမှ သိလိုသည်များကို မေးမြန်း ဆွေးနွေးခြင်း၊ ဌာနတာဝန်ခံဆရာကြီးများ နှင့် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများမှ ဖြည့်စွက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်သူ စုစုပေါင်း(၃၁)ဦး တက်ရောက်နိုင်ခဲ့ပြီး အခမ်းအနားကို ညနေ(၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။