the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး ခုတင်-၅၀ဆံ့တိုင်းရင်းဆေးရုံ၌ အအေးမိ၊နှာစေး၊ နှာရည်ယိုခြင်း၊အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းလက္ခဏာများအား လေ့လာတင်ပြခြင်းခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME)အခမ်းအနားကျင်းပခြင်း

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေါ်နီနီရှိန်က သဘာပတိအဖြစ်ဆောင်ရွက်၍ အခမ်းအနားမှူး သရက်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဒေါ်အေးကြည်စုကဆောင်ရွက်ပြီး ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဦးငြိမ်းချမ်းစိုးက အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများအား လေ့လာတင်ပြခြင်း စာတမ်းကို ဖတ်ကြားတင်ပြဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဦးစီးဌာနမှူးရုံး၊ မကွေးတိုင်းရင်းဆေးရုံ၊ ရေနံချောင်းတိုင်းရင်းဆေးရုံ ၊ပခုက္ကူတိုင်းရင်းဆေးရုံ၊မကွေးခရိုင်တိုင်းရင်းဆေးကုဌာနနှင့် မကွေးခရိုင်မှ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ မင်းဘူးခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မင်းဘူးခရိုင်မှ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းတို့မှ ဆရာ/ဆရာမများစုစုပေါင်း(၃၅)ဦးတက်ရောက်ပြီး စာတမ်းနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းဆွေးနွေးဖြေကြားပြီးအခမ်းအနားကိုနံနက်(၁၁)နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင