the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်း‌ဆေး ပညာပေးရေးအစီအစဉ် (CTME) အစီအစဉ်ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော စဉ်ဆက်မပြတ်တိုင်းရင်း‌ဆေး ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို (၂၇.၂.၂၀၂၄) ရက်နေ့၊ နေ့လည် (၁:၀၀)နာရီ အချိန်တွင် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံပုသိမ်မြို့၌ ကျင်းပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားတွင် သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် "အအေးမိ၊နှာစေး၊နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း" စာတမ်းကို (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံပုသိမ်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာမှ ဖတ်ကြားတင်သွင်းခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးကြပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ဆရာမများ၊ တိုင်း၊ခရိုင်၊ မြို့နယ်၊ ဆေးရုံများမှ ဆရာ၊ဆရာမ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ညနေ(၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ