the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ် (၂၀၂)၌ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး)နှင့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၁၁၃)ကြိမ်မြောက် CTME စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပခြင်း

တိုင်းရင်းဆေးတက္ကသိုလ်၊ အခန်းအမှတ် (၂၀၂)၌ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၁၁၃) ကြိမ် မြောက် CTME စာတမ်းဖတ်ပွဲအခမ်းအနားကို  (၁၇-၂-၂၀၂၄)ရက်နေ့ နံနက် (၉:၀၀) တွင်ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သဘာပတိ ဆရာကြီးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)မှ ဆရာကြီး၊ ဆရာမကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ အတန်းအသီးသီးက ကျောင်းသား/ကျောင်းသူများက တက်ရောက်ကြပါသည်။

အခမ်းအနား၌ တိုင်းရင်းဆေးတက္ကသိုလ် ကထိက/ဌာနမှူး(ငြိမ်း) ဒေါက်တာနွယ့်ဝင်းက ဘုရားဟော ဒေသနာနှင့်အညီ ဆေးချက်ချတာ ပုဂ္ဂလ ပညတ်ဆေးပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးရောဂါ ပညာဌာနမှ လက်ထောက်ကထိက၊ ဒေါ်နန်းအေးမိုးခိုင်က သွေးအားတိုးဆေး၏ လတ်တလော အဆိပ် အာနိသင် ရှိ၊မရှိအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကာ တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ပဟေဠိဖြေဆိုခြင်းအစီအစဉ်တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို ဆုများချီးမြှင့်ခြင်းနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးသော အလှူရှင် စိန့်လီတိုင်းဆေးဝါးထုတ်လုပ်ရေးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ စာတမ်းရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ