the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း” ခေါင်းစဉ်ဖြင့်CTME အခမ်းအနားကျင်းပခြင်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၂၃ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ နေပြည် တော်မှ ဥက္ကဋ္ဌ ဆရာကြီးဦးစိုးဝင်းက ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ တိုင်းရင်းဆေးမှူး ဦးအောင်သူနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဦးဇော်လွင်ထွန်းတို့က ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် တိုင်းရင်း ဆေးမှူး ဦးလှိုင်ကျော်ဦး က “အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း” ကို ကာကွယ်ကုသခြင်းအား ဖတ်ကြားတင်ပြ ဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း၊ နေပြည်တော်မှ(၁)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး (၁)ဦး၊ ဦးစီးမှူး(၁)ဦး၊ နေပြည်တော်တိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးဌာနမှူး(၁)ဦး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီးဒေါ်မူမူချိုနှင့် ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာ/ ဆရာမများ(၃၇)ဦး စုစုပေါင်း(၄၁)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ချီးမြှင့်သောချီးမြှင့်ငွေကျပ် (၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)၊ နေပြည်တော်မှ ဥက္ကဋ္ဌ ဆရာကြီး ဦးစိုးဝင်းက ဆုချီးမြှင့်ခဲ့ပါသည်။

 အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ပံ့ပိုးကူညီးကာ အခမ်းအနားကို ညနေ(၄:၀၀) နာရီတွင်အောင်မြင်စွာ    ကျင်းပပြီးစီးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ