ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)တွင်၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးအရာရှိရာထူးဖြင့် အလုပ်တာဝန်စတင် ထမ်းဆောင်မည့် ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) (၁၃)ဦးနှင့် ဦးစီးအရာရှိ(ကွန်ပျူတာ)(၁၄)ဦးတို့ကို လက်ခံတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website နှင့် Social Media များတွင် ပြည်သူများ အား အသိပေးတင်ပြသည့် သတင်းရေးသားဖော်ပြခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား
၂၀-၉-၂၀၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ Department of Thai Traditional and Alternative Medicine (DTAM), Ministry of Public Health, Thailand မှ ညွှန်ကြားရေးမှူး Mr.Wattanasak Sornrung ဦးဆောင်၍ Mrs. Srichanya Shotuk, Dr.Supattra Rungsimakan, Miss Sangrawee Thongtang, Miss Pitchayarat Wanvuttikul, Mr.Piyatas Jaiyen, Ms. Chutarat Thawasean နှင့် Ms.Supasinee Ratanaburi တို့လိုက်ပါလျက် အဖွဲ့ဝင်(၁၀)ဦး တို့သည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းဆေးဝါးများထုတ်လုပ်မှုနှင့် အရည်အသွေးထိန်းသိမ်းမှု တိုးတက်စေခြင်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်း စီမံချက် (Project for strengthening primary health care by improving manufacturing and quality control of traditional medicine in Myanmar)) နှင့်ပတ်သက်၍ Japan International Cooperation Agency (JICA) အစီအစဉ်ဖြင့် လာရောက်သည့်ဂျပန်နိုင်ငံ Institute of Natural Medicine, University of Toyama မွ Dr. Katsuhiro KONNO၊ Imamura Pharma Consulting Corporation မွ President Mr. Masashi IMAMURA နှင့် Watanabe Pharmaceutical Industrial Co., Ltd. မှ Managing Director Mr. Koichi WATANABE တို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။