ပါမောက္ခရာထူးဖြင့်ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာသိန်းဇော်လင်းအား နှုတ်ဆက်ပွဲအခမ်းအနား
Fri , Sep 28 2018 - 02 pmကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သုတေသန/ ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးရာထူးမှ တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာန၏ ပါမောက္ခရာထူးသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာသိန်းဇော်လင်းအား နေပြည်တော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းရင်းဆေး ပညာဦးစီးဌာန(ရုံးချုပ်)ရှိ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းအားလုံးနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေး ဖြည့်စွက်စာ ဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းအား(၁၀-၁၀-၂၀၁၈) ရက်နေ့မှ (၁၅-၁၀-၂၀၁၈) ရက်နေ့အထိ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်၌ ဖွင့်လှစ်မည်ဖြစ်ပြီး အောက်ပါ အရည်အချင်း တစ်ခုခုနှင့်ကိုက်ညီသူများ တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။
နေပြည်တော်၊ စက်တင်ဘာလ (၂၇)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ် အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးမိတ်နှင့်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးအမှတ်(၄၇)တွင်၊ နေပြည်တော်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဦးစီးအရာရှိရာထူးဖြင့် အလုပ်တာဝန်စတင် ထမ်းဆောင်မည့် ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) (၁၃)ဦးနှင့် ဦးစီးအရာရှိ(ကွန်ပျူတာ)(၁၄)ဦးတို့ကို လက်ခံတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။