ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ / ဆဝမ/ ၂၀၁၈ (၄၀၄၅ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ လ ရက်
သို့
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
-----------------------------------တိုင်းဒေသကြီး/ပြည်နယ်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးနှင့်ကျန်းမာရေး ဖြည့်စွက်အစာဆိုင်ရာကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်သင်တန်းတွင်တက်ရောက်မည့်သင်တန်းသားများအား ခေါ်ယူနိုင်ရေးအကြောင်းကြားခြင်းကိစ္စ။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းအား(၁၀-၁၀-၂၀၁၈) ရက်နေ့မှ (၁၅-၁၀-၂၀၁၈) ရက်နေ့အထိ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်၌ ဖွင့်လှစ် မည်ဖြစ်ပြီး အောက်ပါ အရည်အချင်း တစ်ခုခုနှင့်ကိုက်ညီသူများ တက်ရောက်ရန် လျှောက်ထားနိုင်ပါသည်။
က) တက္ကသိုလ်/ကောလိပ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ
(ခ) တိုင်းရင်းဆေးပညာဒီပလိုမာ (Dip.T.Med)ရရှိထားသူများ
(ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စိတ်ပါဝင်စားသူများ
(ဃ) ပုဂ္ဂလိကတိုင်းရင်းဆေးဝါးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူဝန်ထမ်းများ
၂။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ တက်ရောက်လိုသော သင်တန်းသားများ အမည်စာရင်းအား (၁-၁၀-၂၀၁၈)ရက်နေ့ နောက်ဆုံးထားပေးပို့နိုင်ပါရန်နှင့် သင်တန်းသားတစ်ဦးလျှင် သင်တန်းကြေး (၃၀၀၀၀) ကျပ်အား သင်တန်းစတင်တက်ရောက်သည့် နေ့တွင် ပေးသွင်းရန်ဖြစ်ပါကြောင်း၊ သင်တန်း၌သင်ကြားမည့်အကြောင်းအရာ၊ နေ့ရက်နှင် အချိန် ဇယားများအား ပူးတွဲ၍ အကြောင်းကြားပါသည်။
(ကျော်သိန်းဌေး)
ခေတ္တညွှန်ကြားရေးမှူးချုပ်