တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ ၂၀၁၉ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်
မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)(Bridge Course) နှင့်
မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(M.M.T.M) (၂)နှစ်ကြာ ဖွင့်လှစ်မည့် သင်တန်းဝင်ခွင့် (ရေးဖြေ) ဖြေဆိုခွင့် ရရှိသူများ အမည်စာရင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်သူများအနေဖြင့် အစားအသောက်ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစီအစဉ်တစ်ရပ်အဖြစ် ရည်ရွယ်ပြီး လူထုပညာပေးပြပွဲ (၂၁၀၈)ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန ကြီးမှူးကျင်းပပြီး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာခန်းမ၌ (၂၈-၉-၂၀၁၈) ရက်နေ့မှ (၂၉-၉- ၂၀၁၈) ရက်နေ့အထိ ကျင်းပပြု လုပ်ခဲ့ပါသည်။
ရွှေဘိုတက္ကသိုလ် ရုက္ခဗေဒဘာသာရပ်မှ ကျောင်းသား/ကျောင်းသူ(၂၁၁)ဦးခန့်သည် ဆရာ/ ဆရာမ(၂၃)ဦး တို့သည် နေပြည်တော် အမျိုးသားပရဆေးဉယျာဉ် နှင့် တိုင်းရင်းဆေးပညာပြတိုက် တို့သို့ သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် လာရောက် လေ့လာခဲ့ ပါသည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ ဂုဏ်ပြုအခမ်းအနားသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှာ ဌာနေကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန် ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။