ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာလောက ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
နေပြည်တော် ဒီဇင်ဘာ ၇
(၁၉)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။
အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်သင်တန်း အမှတ်စဉ်(၂/၂၀၁၈)သို့ သင်တန်းတက်ရောက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းတက်ရောက်ရန်အတွက် လျာထားစာရင်း (၆၀)ဦးကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ် ၄၇ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ ၀၀ နာရီတွင် The Second Meeting of the BIMSTEC Task Force on Traditional Medicine လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးကအမှာစကားပြောကြားရာတွင်