ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် M Gallery Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဘင်္ဂလား ပင်လယ်အော်စီးပွားရေးနှင့် နည်းပညာဆိုင်ရာဘက်စုံပူးပေါင်းဆောင်ရွက်ရေး (ဘင်းမ်စတက်) အဖွဲ့အစည်းဝင်နိုင်ငံများ၏ တိုင်းရင်းဆေးပညာဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဖွဲ့များ အစည်း အဝေး (the second meeting of BIMSTEC Task Force on Traditional Medicine) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တမိုးဆွေသည် စစ်ကိုင်းဒေသကြီး လေရှီးတွင် ကျင်းပပြုလုပ်သည့် နာဂ နှစ်သစ်ကူး ရိုးရာပွဲတော် အားကစားပြိုင်ပွဲများ၊ ဆုပေးပွဲများ နှင့် ချင်းတွင်းတံတား( ဟုမ္မလင်း) ဖွင့်ပွဲတို့သို့ သွားရောက်အားပေးခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်း၌ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ဒုတိယပိုင်းအစီအစဉ် ဆက်လက် ကျင်းပရာတွင် အမှာစကားပြောကြားခဲ့ပါသည်။
နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၁၇
ဂျပန်နိုင်ငံ၊ University of Toyama, Institute of Natural Medicine (INM) မှ Research Fellow ဖြစ်သူ Dr.Katsuhiro Konno ဦးဆောင်သောကိုယ်စားလှယ် (၅)ဦး ပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက် နေ့မှ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များကို ဒီဇင်ဘာလ(၁၇)ရက်နေ့ တွင် လာရောက်တွေ့ဆုံခဲ့ ပါသည်။