နေပြည်တော် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေသည် စစ်ကိုင်းဒေသကြီး လေရှီးတွင် ကျင်းပပြုလုပ်သည့် နာဂနှစ်သစ်ကူး ရိုးရာပွဲတော်သို့ သွားရောက်အားပေးခဲ့ပါသည်။
၄င်းပွဲတော်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာပြကွက်များ၊ တိုင်းရင်းဆေးဆိုင်ရာ ပြကွက်များ၊ ပိုစတာများ၊ ပြခန်းများခင်းကျင်းပြသထားသည်။ တိုင်းရင်း ဆေးပညာဦးစီးနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေသည် အားကစားပြိုင်ပွဲများ၊ ဆုပေးပွဲများတို့ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ချင်းတွင်းတံတား(ဟုမ္မလင်း)ဖွင့်ပွဲတို့သို့လည်း တက်ရောက် အားပေး ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





