the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ဒုတိယပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြား

 

နေပြည်တော်၊ ဒီဇင်ဘာလ (၂၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်း၌ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ၏ ဒုတိယပိုင်းအစီအစဉ် ဆက်လက် ကျင်းပရာတွင် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• တိုင်းရင်းဆေးပညာလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်းနှင့်တိုင်းရင်းဆေးပညာ ရပ် ဆိုင်ရာ အကြံပေးအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ နှင့် တိုင်ပင်၍ အစီအစဉ်များ ချမှတ်ကာ အစွမ်းကုန်ဆောင်ရွက် နေပါကြောင်း၊

• ထိုသို့ တိုင်းရင်းဆေးပညာလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းဆေးပညာရှင်များ၏ အရည်အချင်းနှင့် အရည်အသွေးကောင်းမွန်ရေးမှာ အရေးကြီးသဖြင့် တိုင်းရင်းဆေးတက္ ကသိုလ် ပိုမိုကောင်းမွန် တိုးတက်စေရေးအတွက်ကိုလည်း ဝန်ကြီးဌာနမှ အလေးထားဆောင်ရွက်လျက်ရှိပြီး သင်ကြားမှုနည်းစနစ်နှင့် သင်ရိုး ညွှန်းတမ်း များ တိုးတက်ကောင်းမွန်စေရေး၊ သင်ကြား မှု အထောက်အကူပြု ပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး၊ သင်ကြားသည့် ဆရာများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ရာထူးအခွင့်အလမ်း တိုးတက်ရေး၊ ဆေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်း၍ သုတေသနဌာနစိတ် အမြန်ဆုံးတည်ထောင်နိုင်ရေး၊ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပရေးအစရှိသည့် ကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

• ယခု ညီလာခံတွင် ဆွေးနွေးမည့် အဆိုပြုချက် (၄)ချက်ဖြစ်သည့် -

- (၁) မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန် စေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ရန်၊

- (၂) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အရည်အသွေး ပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုလေ့ကျင့်သင်ကြားမွေး ထုတ်ပေးရန်၊

- (၃) တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေး သုတေသနလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန်နှင့်

- (၄) ဆေးပညာဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်စေရန်နှင့် သမားတု-သမားယောင်များ ပပျောက်ရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန်တို့မှာကောင်းမွန် ပါကြောင်း၊

• တိုင်းရင်းဆေးပညာရှင် ကျင့်ဝတ်များအား လိုက်နာဆောင်ရွက်နှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်မှာ အထူးအရေးကြီးသဖြင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီမှ ဦးဆောင်ကြီးကြပ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးပညာ ဆေးရုံများ၌ အသုံးချသုတေသနများ ဆောင်ရွက်နိုင်ရေးကိုလည်း လုပ်ဆောင်လျက်ရှိပါကြောင်း၊

• လုပ်ဆောင်ထားရှိပြီးသော တိုင်းရင်းဆေးပညာဆိုင်ရာ သုတေသနများကို စုစည်းပြီး ပြန်လည် သုံးသပ်ဆန်းစစ်နိုင်ရန် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ စသည်တို့မှ တိုင်းရင်းဆေးပညာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာရေးထိုး၍ သုတေသနလုပ်ငန်းများ အပါအဝင် လုပ်ငန်းများ ပူးပေါင်းဆောင်ရွ က်နိုင်ရန် ကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

• တိုင်းရင်းဆေးပညာတွင် အထူးပြုဘာသာရပ်များလည်းရှိသဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ အကြံပေးပညာရှင်များအဖွဲ့၏အကြံပြုချက်နှင့် အကူအညီကိုရယူ၍ လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း၊

• တိုင်းရင်းဆေးထုတ်လုပ်ရောင်းချသူများအနေဖြင့်လည်း မိမိတို့ထုတ်လုပ်ထားသောဆေးများ၏ အာနိသင် အစွမ်းထက်မှု၊ အကျိုးရှိမှုနှင့် ဘေးထွက်ဆိုးကျိုးအစရှိသည်တို့ကို ဆေးသုတေသန ဦးစီး ဌာန၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကို ရယူ၍ သုတေသနများ ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ယခုကဲ့သို့ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲများတွင် တက်ရောက်ကြသူ ပညာရှင်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံနှင့် ပညာရပ်များကို ဖြန့်ဝေပေး စေလိုပါကြောင်း၊

• ယခုညီလာခံနှင့် ယခင် (၃)နှစ်တာအတွင်း ကျင်းပခဲ့သည့် ညီလာခံများမှ အဆိုပြုချက်များနှင့် အကြံပြုတိုက်တွန်းချက်များကို ပြန်လည်ဆန်းစစ်သုံးသပ်၍ ဦးစားပေးအစီအစဉ်များ ချမှတ်ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ၏ အမျိုးသား ကျန်းမာရေးမူဝါဒ (၁၅)ချက်အနက် (၁)ချက် အပါအဝင်ဖြစ်သည့် “မြန်မာ့တိုင်းရင်းဆေးပညာဆောင်ရွက်ချက်များနှင့် သုတေသန လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီသည် အထိ ဆောင်ရွက်ခြင်းကိုအားပေးရန်နှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်” ဟူသည့် အချက်တွင်ပါရှိသည့်အတိုင်း အားလုံးပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ ညီလာခံကို ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ် တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ အမြဲတမ်းအတွင်းဝန် (၁)ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် (၂)ဒေါက်တာသာထွန်း ကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ပညာရှင်များ၊ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကိုယ်စားလှယ်များနှင့်မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်း ရှင်များအသင်း(ယာယီ) တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့