နေပြည်တော် အောက်တိုဘာ ၁၀ ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါး/ဉယျာဉ်ဌာနခွဲမှ ဦးစီးကျင်းပသည့် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်သင်တန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမျိုးသားပရဆေး ဥယျာဉ်၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ထို့နောက်သင်တန်းသားများနှင့်အတူ ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါ သင်တန်းသို့ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားဦးရေ(၆၀)ဦးရှိပြီး သင်တန်းကာလသည် (၁၀-၁၀-၂၀၁၈) ရက်နေ့မှ (၁၅-၁၀-၂၀၁၈)ရက်နေ့ အထိ စုစုပေါင်း (၆)ရက်ကြာဖွင့်လှစ်ပို့မည့် ဖြစ်ပါသည်။
သင်တန်းပို့ချမည့်အကြောင်းအရာများသည်-
(၁) |
အရည်အသွေးစီမံခန့်ခွဲမှု(Quality Management) |
(၂) |
လူပုဂ္ဂိုလ်၊ ဝန်ထမ်း(Personal) |
(၃) |
အဆောက်အဦ၊ နေရာ၊ ပရဝုဏ်(Premises &Equipment) |
(၄) |
ကျန်းမာရေးညီညွတ်မှုနှင့် သန့်ရှင်းရေး(Sanitation &, Hygiene) |
(၅) |
စာရွက်စာတမ်း၊ မှတ်တမ်းများထားရှိခြင်း(Documentation) |
(၆) |
ထုတ်လုပ်ရေး(Production) |
(၇) |
အရည်အသွေးထိန်းချုပ်ခြင်း(Quality Control) |
(၈) |
စာချုပ်ချုပ်ဆိုခြင်းနှင့် စိစစ်ခြင်း(Contract Manufacture and Analysis) |
(၉) |
ပြန်သိမ်းကုန်ပစ္စည်း၊ ထုတ်ကုန်တိုင်တန်းမှုနှင့်ပြန်ပို့ဆေးဝါးများ(Complaints and Product Recalls) |
(၁၀) |
ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် နည်းလမ်းများနှင့်ကိုက်ညီမှုရှိ/ မရှိပြန်လှန်စိစစ်ခြင်း။ (Self – Inspection) |
(၁၁) |
စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုအားစစ်ဆေးခြင်း(Verification) |
ဆွေးနွေးပို့ချမည့် ဆရာများအဖြစ်-