the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပါမောက္ခရာထူးဖြင့်ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာသိန်းဇော်လင်းအား နှုတ်ဆက်ပွဲအခမ်းအနား

နေပြည်တော် စက်တင်ဘာ(၂၈)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်) သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးရာထူးမှ  တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာန၏ ပါမောက္ခရာထူးသို့ ပြောင်း ရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာသိန်းဇော်လင်းအား နေပြည်တော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)ရှိ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်း အားလုံးနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးပြောကြားရာတွင်-

  • ပါမောက္ခရာထူးဖြင့် တိုင်းရင်းဆေးတက္ကသိုလ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာသိန်းဇော်လင်းသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် ညွှန်ကြားရေးမှူး တာဝန်ဝတ္တရားများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ဆရာ တစ်ဦးဖြစ်ပါကြောင်း
  • တိုင်းရင်းဆေးတက္ကသိုလ်၏ လိုအပ်ချက်အရ ပြောင်းရွေ့တာဝန်ထမ်းဆောင်စေခဲ့ကြောင်း
  • တိုင်းရင်းဆေးတက္ကသိုလ်၏ ကောင်းကျိုးများနှင့် တိုးတက်ရာတိုးတက်ကြောင်းများကို များစွာအထောက်အကူပြုမည့် ဆရာတစ်ဦးအဖြစ် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပါမောက္ခရာထူးဖြင့် ပြောင်းရွေ့တာဝန်ထမ်းဆောင်မည့် ပါမောက္ခဒေါက်တာ သိန်းဇော်လင်းအား လက်ဆောင်ပစ္စည်းများပေးအပ်ကြပါသည်။

ဆက်လက်ပြီး ပါမောက္ခဒေါက်တာသိန်းဇော်လင်းက တိုင်းရင်းဆေးတက္ကသိုလ်၏ ဆေးပညာဌာနတွင် ပါမောက္ခရာထူးဖြင့် တိုင်းရင်းဆေးတက္ကသိုလ် တိုးတက်ဖွံ့ဖြိုးဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်များအား ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ဝန်ထမ်းများအားလုံးကို နှုတ်ဆက်စကားပြောကြားပါသည်။

 

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ