တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၌ ၂၀၁၉ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်
မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)(Bridge Course) နှင့်
မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(M.M.T.M) (၂)နှစ်ကြာ ဖွင့်လှစ်မည့် သင်တန်းဝင်ခွင့် (ရေးဖြေ) ဖြေဆိုခွင့် ရရှိသူများ အမည်စာရင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ရေးဖြေစစ်ဆေးမည့် နေ့ရက် - ၁၃-၁၀-၂၀၁၈ ရက်၊ စနေနေ့
ရေးဖြေစစ်ဆေးမည့်အချိန် -
ကျွမ်းကျင်ဘာသာရပ်
နံနက်(၉)နာရီ မှ နေ့လည် (၁၂)နာရီတိတိ
အင်္ဂလိပ်စာဘာသာရပ်
နေ့လည်(၁)နာရီ မှ နေ့လည်(၃)နာရီထိ
ရေးဖြေစစ်ဆေးမည့်နေရာ - တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)
(မှတ်ချက်။ ဖြေဆိုခွင့်ကတ်ပြားများကို တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) (၁၂-၁၀-၂၀၁၈) ရက်နေတွင် ဝန်ထမ်းကတ်ပြားများကို ကိုယ်တိုင်ထုတ်ယူရမည်)
မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)(Bridge Course)တွင် ဖြေဆိုခွင့်ရရှိသူ (၆၂)ဦးရှိပြီး မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့(M.M.T.M) တွင် ဖြေဆိုခွင့်ရရှိသူ (၈၅)ဦးရှိပါသည်။