the republic of the union of myanmar

ministry of health

Department of Traditional Medicine

အစားအသောက်ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုပညာပေးပြပွဲ (၂၀၁၈)တွင် တိုင်းရင်းဆေးပညာပြခန်း ပါဝင်ပြသခြင်း

နေပြည်တော် အောက်တိုဘာလ ၁ ရက်

ပြည်သူများအနေဖြင့် အစားအသောက်ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစီအစဉ်တစ်ရပ်အဖြစ် ရည်ရွယ်ပြီး လူထုပညာပေးပြပွဲ (၂၁၀၈)ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန ကြီးမှူးကျင်းပပြီး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာခန်းမ၌  (၂၈-၉-၂၀၁၈) ရက်နေ့မှ (၂၉-၉- ၂၀၁၈) ရက်နေ့အထိ ကျင်းပပြု လုပ်ခဲ့ပါသည်။

အဆိုပါ ပြပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်သူလူထုအတွက် တိုင်းရင်းဆေးပညာပေးပြခန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါပြခန်း၌ မြန်မာ့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ နယကြီးလေးပါး/ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်ဝေသော ပညာပေးပိုစတာများ/ စာအုပ်များ/ တိုင်းရင်းဆေးဝါးများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း စေရန် သတိပြုသင့်သည့် အချက်များ/  ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိတိုင်းရင်းဆေးရုံ၊ ဆေးခန်းများ/ ဉီးစီးဌာနမှ ထုတ်လုပ်သောအရောင်းဆေးဝါးများအား ခင်းကျင်းပြသခဲ့သည့်အပြင် တိုင်းရင်းဆေးပညာပေးလက်ကမ်းစာစောင်များကိုလည်း လာရောက် လေ့လာသူပြည်သူများအား ပေးဝေခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ