တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန် ကြော်ငြာခြင်း
Wed , Sep 19 2018 - 10 amတိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သက်ဆိုင် ရာသက်တမ်းရှိ မှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၁၅-၈-၂၀၁၈) မှ (၃၁-၈-၂၀၁၈) အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည် -
- တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) - ၂၂ စောင်
တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ကွင်းဆင်းဆောင်ရွက်မှု
Wed , Sep 12 2018 - 05 pmတနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန(ပြည်နယ်၊ ခရိုင်၊ မြို့နယ်တိုင်းရင်း ဆေးကုဌာနများ)၌ တာဝန်ထမ်းဆောင် လျက်ရှိသောတိုင်းရင်းဆေးဆရာ/ ဆရာမများသည် မိမိတို့သက်ဆိုင်ရာဒေသရှိရပ်ကွက်/ ကျေးရွာ/ စာသင်ကျောင်းများသို့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ အတွင်းတိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအား အခမဲ့ကွင်းဆင်းဆေးကုသမှု(၉)ကြိမ်နှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ရာ စုစုပေါင်းလူနာဦးရေ (၃၆၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး (၇၂၅) ဦးတို့ကိုကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
နေပြည်တော်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို စီမံရေးရာဌာန၊ ကုသရေးဌာန၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁၀) ခန်းနှင့် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ (၃) ရုံ ၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၁၅)ရုံတို့မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် အတွင်းလူနာ (၁၆၈၁၉) ဦး၊ ပြင်ပလူနာ (၆၂၆၈၁၃)ဦး၊ (၂၀၁၈) ဘဏ္ဍာနှစ်တွင် အတွင်းလူနာ (၆၂၇၁) ဦး၊ ပြင်ပလူနာ (၃၁၂၂၄၅) တို့ကို တိုင်းရင်းဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ ပါသည်။
ဖွံ့ဖြိုးရေးဌာနစိတ်၏၂၀၁၈ ခုနှစ် သြဂုတ်လလုပ်ငန်းဆောင်ရွက်ချက်များ
Wed , Sep 05 2018 - 09 am၁။ စာအုပ်၊ စာနယ်ဇင်းများတွင် ပညာပေးရေးသားခြင်း၊ အသံလွှင့်ခြင်း
အသံလွှင့်ခြင်း(သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်အတွက်)
၁။ အမျိုးသမီးများသတိပြုဆင်ခြင်စရာသားအိမ်ကျခြင်းဝေဒနာ
၂။ ကြက်သွန်နီနှင့်ကျန်းမာရေး
၃။ အရသာချိုအစွမ်းပိုတဲ့ ဆေးဖက်ဝင်သြဇာပင်အကြောင်းစာမူများရေးသားခဲ့ပါသည်။---------------
နေပြည်တော် ခုတင်(၁၀၀)ဆံ့၊ တိုင်းရင်းဆေးရုံကြီး၊ ကလေးရောဂါကုဌာနကဆရာမများ ဦးဆောင်၍ (၁၄.၇.၂၀၁၈) ရက်နေ့တွင် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာရှိ ပြည်သူများအားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးရန် အတွက် အခမဲ့ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ပါသည်။