ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ( ၇၀ /၂၀၁၈)
စာအမှတ် တဆပ/ဆေးဝါး-မှတ်/၂၀၁၈( ၄၅၇၄ )
ရက်စွဲ၊ ၂၀၁၈ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၅/၂၀၁၇)နှင့် ဗဟိုတိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၄/၂၀၁၇)၊(၂/၂၀၁၈)၊(၃/၂၀၁၈)တို့တွင် စိစစ်၍ လိုအပ် ချက်များပြင်ဆင်ပြီး ပြည့်စုံပါသဖြင့် (၁၆-၁၀-၂၀၁၈) ရက်နေ့မှ (၃၁-၁၀-၂၀၁၈) အထိ ခွင့်ပြု ခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၂၂)မျိုးအား ကတ်ပြားလာ ရောက် ထုတ်ယူရန် ပူးတွဲ ပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ် ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)
ရုံးလက်ခံ
မျှောစာတွဲ