the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၇) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၄/၂၀၁၇)၊(၅/၂၀၁၇)၊(၇/၂၀၁၇) နှင့် ဗဟိုတိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊(၄/၂၀၁၇)၊(၁/၂၀၁၈)၊ (၂/၂၀၁၈)   တို့တွင် စိစစ်၍  လိုအပ်ချက်များ  ပြင်ဆင်ပြီး  ပြည့်စုံပါသဖြင့်   (၂၆-၇-၂၀၁၈)   ရက်နေ့မှ

(၁၅-၈-၂၀၁၈) အထိ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၅၇)မျိုးအား ကတ်ပြား လာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

ဆက်လက်ဖတ်ရှုပါ

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင်ကတ်ပြားများအား  သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးနိုင် ရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -

          (က)    တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)                              -          (၆) စောင်

          (ခ)     တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်)                   -         (၁၀) စောင်

          (ဂ)     တိုင်းရင်းဆေးဝါးမှတ်ပုံတင်(တိုး)                                  -         (၄၄) စောင်

          (ဃ)    တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(တိုး)                      -         (၁၀) စောင်

          (င)     တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်)                -          (၈) စောင်

          (စ)     တိုင်းရင်းဆေးဝါးမှတ်ပုံတင်/လိုင်စင် (ရက်စွဲညှိ)              -         (၁၁) စောင်

          (ဆ)    အထွေထွေခွင့်ပြု(မှတ်ပုံတင်)                                        -          (၂) စောင်

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သက်ဆိုင် ရာသက်တမ်းရှိ မှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၁၅-၈-၂၀၁၈) မှ (၃၁-၈-၂၀၁၈) အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည် -

-         တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)        - ၂၂ စောင်

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန(ပြည်နယ်၊ ခရိုင်၊ မြို့နယ်တိုင်းရင်း ဆေးကုဌာနများ)၌ တာဝန်ထမ်းဆောင် လျက်ရှိသောတိုင်းရင်းဆေးဆရာ/ ဆရာမများသည် မိမိတို့သက်ဆိုင်ရာဒေသရှိရပ်ကွက်/  ကျေးရွာ/ စာသင်ကျောင်းများသို့  ၂၀၁၈ ခုနှစ်၊ သြဂုတ်လ အတွင်းတိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအား အခမဲ့ကွင်းဆင်းဆေးကုသမှု(၉)ကြိမ်နှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ရာ စုစုပေါင်းလူနာဦးရေ (၃၆၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး (၇၂၅) ဦးတို့ကိုကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

နေပြည်တော်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို စီမံရေးရာဌာန၊ ကုသရေးဌာန၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁၀) ခန်းနှင့် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ (၃) ရုံ ၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၁၅)ရုံတို့မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင်  အတွင်းလူနာ (၁၆၈၁၉) ဦး၊ ပြင်ပလူနာ (၆၂၆၈၁၃)ဦး၊ (၂၀၁၈) ဘဏ္ဍာနှစ်တွင် အတွင်းလူနာ (၆၂၇၁) ဦး၊ ပြင်ပလူနာ (၃၁၂၂၄၅) တို့ကို တိုင်းရင်းဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ ပါသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့