တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန် ကြော်ငြာခြင်း
Mon , Aug 27 2018 - 12 pmတိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သက်ဆိုင် ရာသက်တမ်းရှိ မှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၂၉-၆-၂၀၁၈) မှ (၈-၈-၂၀၁၈) အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည် -
- တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) - ၇၆ စောင်
မြန်မာ့တိုင်းရင်းပရဆေးဥယျာဉ်ကိုပြင်ဦးလွင်မြို့တွင် တည်ထောင်စိုက်ပျိုးမည်
Mon , Aug 27 2018 - 11 amပြင်ဦးလွင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ဦးစီးပြီး မြန်မာ့တိုင်းရင်း ရဆေး ဥယျာဉ်တစ်ခုကိုမန္တလေး- ပြင်ဦးလွင်ကားလမ်းဘေးမိုင်တိုင်အမှတ် (၃၀/၆) အနီး သုံးထောင် ကျေးရွာအုပ်စု ကျောက်ဖျာဒိုကျေးရွာ၊ ပြင်ဦးလွင်မြို့တွင် တည်ထောင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တိုင်းရင်းဆေးမှူးဆရာဦးစောယုသန်းမှ (၁၉.၈.၂၀၁၈)ရက်၊ တနင်္ဂနွေနေ့တွင် ပြောကြားသွားပါသည်။
ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော် CTME- ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ
Fri , Aug 24 2018 - 09 am(၂၃.၆.၂၀၁၈)ရက် (စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ် CTME-ဆီးချိုသွေးချိုအနာရောဂါ
Fri , Aug 24 2018 - 09 am(၂၇.၆.၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးရုံးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချို သွေးချိုအနာရောဂါ” ခေါင်းစဉ်ဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ပုသိမ်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။