ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ၆၇ / ၂၀၁၈)
စာအမှတ် တဆပ/ဆေးဝါး-မှတ်/၂၀၁၈( ၄၅၇၄ )
ရက်စွဲ၊ ၂၀၁၈ခုနှစ်၊အောက်တိုဘာလ ၂၂ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။
၁။ ဗဟိုတိုင်းရင်း ဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊(၅/၂၀၁၇)၊(၁/၂၀၁၈)၊ (၂/၂၀၁၈) တို့တွင် စိစစ်၍ လိုအပ်ချက်များ ပြင်ဆင်ပြီး ပြည့်စုံပါသဖြင့် (၁-၁၀-၂၀၁၈) ရက်နေ့မှ (၁၅-၁၀-၂၀၁၈) အထိ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၁၂)မျိုးအား ကတ်ပြား လာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်အသစ် လက်မှတ်များကို ရန်ကုန်/မန္တလေးတိုင်းဒေသကြီးမှအပ လာရောက်ထုတ်ယူရန်ဖြစ်ကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)
ရုံးလက်ခံ
မျှောစာတွဲ