ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ၆၇ / ၂၀၁၈)
စာအမှတ် ၊တဆပ/ ဆေးဝါး-မှတ်/ ၂၀၁၈(၄၄၃၇ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ ( ၁၆) ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာခြင်း။
၁။သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ (၁-၈-၂၀၁၈)ရက်နေ့မှ (၃၁-၈-၂၀၁၈)ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၁၉၉)စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ဤစာ ထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများအပ ကျန်တိုင်းဒေသ ကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာ အပ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဝင်းဟန်၊ အတွင်းရေးမှူး)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို -
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးအားလုံး
( သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား
ပြန်လည်တင်ပြရန်)
ရုံးလက်ခံ/ မျှောစာတွဲ