ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ် ( ၃ / ၂၀၁၉ )
စာအမှတ် တဆပ /ဆဝ / ၂၀၁၉ ( ၁၁၅ )
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန် ကြော်ငြာခြင်း
၁။ သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများ၏ ဆုံးဖြတ်ချက်အရသက်ဆိုင်ရာသက်တမ်းရှိမှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၁၇-၁၂-၂၀၁၈)မှ(၁၉-၁၂-၂၀၁၈)အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်(သက်တမ်းတိုး) (၃၉) စောင်အား ပူးတွဲပါ အတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့မှစ၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လအတွင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဋ္ဌ (ကိုယ်စား)
(ဝင်းဟန်၊ အတွင်းရေးမှူး)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး (ဆေးဝါး/ဥယျာဉ်)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများအားလုံး (သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ဆက်လက်အကြောင်းကြားရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်)
ရုံးလက်ခံ/မျှောစာတ