the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၁၃)မျိုးအား ကတ်ပြားလာရောက်ထုတ်ယူရန် ထုတ်ပြန် ကြော်ငြာ ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ် ( ၄  /၂၀၁၉)

စာအမှတ် တဆပ  / ဆဝ /  ၂၀၁၉ (  ၂၁၅   )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊  ဇန်နဝါရီ လ   ၁၄   ရက်

အကြောင်းအရာ။         တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။

၁။      ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၄/၂၀၁၇)၊(၁/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈)တို့၏ဆုံးဖြတ်ချက်အရ  လိုအပ်ချက်များပြင်ဆင်ပြီး  ပြည့်စုံပါသဖြင့်   (၁-၁၂-၂၀၁၈) ရက်နေ့မှ (၃၁-၁၂-၂၀၁၈) အထိ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) (၁၃)မျိုးအား ကတ်ပြားလာရောက်ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

၂။   ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း အသိပေး ကြော်ငြာအပ် ပါသည်။

 

ဥက္ကဋ္ဌ(ကိုယ်စား)

(ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ

မိတ္တူကို-

ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန

ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊တိုင်းရင်းဆေးပညာဦးစီးဌာန

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့  ဆက်လက်အကြောင်းကြားရန် နှင့်ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)

ရုံးလက်ခံ

မျှောစာတွဲ

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ