တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၁၄၅) စောင်အား ထုတ်ပြန်ကြော်ငြာ ခြင်း
Sat , Feb 02 2019 - 10 amသက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက် များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁- ၁၂- ၂၀၁၈) ရက်နေ့မှ (၃၁- ၁၂- ၂၀၁၈) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၁၄၅) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ပြီးစီးသောဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး ဆောင်ရွက်ချက်များ
Wed , Jan 30 2019 - 05 am၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ပြီးစီးသောဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး ဆောင်ရွက်ချက်များ
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးအမှတ်စဉ် ( ၁/ ၂၀၁၈ ) (၂-၄-၂၀၁၈) ၏ ဆောင်ရွက်ချက်များ
၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ပြီးစီးသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး ဆောင်ရွက်ချက်များ
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၈) (၁၄-၃-၂၀၁၈) ၏ ဆောင်ရွက်ချက်များ
(၂၈.၁.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး သည် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဧရာဝတီတိုင်းဒေသကြီးအသင်းခွဲ)နှင့်ပူးပေါင်း၍ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို “ခါးနာရောဂါ” ခေါင်းစဉ်ဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အဇာဘိုင်ဂျန်သမ္မတနိုင်ငံရှိ တက္ကသိုလ်များ၌ ဘွဲ့ကြို၊ မဟာဘွဲ့နှင့် အထွေထွေဆေးပညာဆိုင်ရာဒီပလိုမာဘွဲ့များအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် အောက်ဖော်ပြပါပညာသင်ဆုများသို့ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေး ပညာဦးစီးဌာနလက်အောက်ရှိဌာနအသီးသီးမှ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို www.aida.az/scholarship ၌ ရယူနိုင်ပါကြောင်းနှင့် သက်ဆိုင်ရာ Website တွင် (၁၅-၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊